International & Domestic Express Courier and Logistic Services Saturday, April 20, 2024 |   ဘာသာ Language -   မြန်မာ     English  
EMAIL SUPPORT
[email protected]
HUNT LINE
09-772222900
WORKING HOURS
Mon - Sat (8:30 - 5:30)
Close Public Holidays

“MGL အမြန်ချောပို့ ၏ စာထုပ်နှင့် ချောထုပ်ပစ္စည်းများ လက်ခံ သယ်ယူပို့ဆောင်ခြင်း ဆိုင်ရာစည်းမျဉ်း/စည်းကမ်းများ”

(၁) ပေးပို့သောစာထုပ်၊ ချောထုပ်များနှင့်ပတ်သက်သော ကိစ္စအားလုံးကို ပေးပို့သူမှ တာဝန်ယူရပါမည်။

(၂) လက်ခံပြီးသောစာထုပ်၊ ချောထုပ်များအတွက် ငွေပြန် မအမ်းပါ။

(၃) ပေးပို့သောစာထုပ်၊ ချောထုပ်များကို MGL Express မှဖွင့်ဖောက်စစ်ဆေးပိုင်ခွင့်ရှိပါသည်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှ ခိုင်မာသောအကြောင်းပြချက်ဖြင့် တောင်းဆိုလာပါက ဖွင့်ဖောက်ပေးအပ်ခွင့် ရှိသည်။

(၄) ပေးပို့သော၊ လက်ခံထားသောစာထုပ်၊ ချောထုပ်များအား MGL မှ အကြောင်းပြချက်ပေးပြီး သယ်ယူပို့ဆောင်ရန် ငြင်းပိုင်ခွင့် ရှိပါသည်။

(၅) စာထုပ်နှင့်ချောထုပ်များ ပျက်စီး၊ ပျောက်ဆုံးမှုအတွက် လျော်ကြေးငွေ၏အများဆုံး သတ်မှတ်ချက်မှာ နှစ်သိန်းကျပ် (၂၀၀,၀၀၀ိ/-) ဖြစ်ပြီး၊ စာထုပ်၊ ချောထုပ်၏ မူလတန်ဖိုးမှာ နှစ်သိန်းကျပ်ထက် လျော့နည်းနေပါက မူလတန်ဖိုးအတိုင်းသာ ပေးလျော်ပါမည်။ အကျိုးဆက်တန်ဖိုးနှင့် ထပ်ဆင့်အနာဂတ်တန်ဖိုးများကို မူလတန်ဖိုးတွင် ထည့်သွင်းခြင်း လက်မခံပါ။

(၆) စာထုပ်နှင့် ချောထုပ်ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုအတွက် လျော်ကြေးငွေ တောင်းခံလျှင် စာဝေ လက်ခံ ရရှိသည့် ရက်စွဲမှှ စ၍ (၃) ရက်အတွင်း အကြောင်းကြားရမည် ဖြစ်ပြီး ရက် (၃၀) အတွင်း စာဖြင့် တောင်းခံရမည် ဖြစ်ပါသည်။ ထိုသို့ တောင်းခံရာတွင် MGL Express စာရင်းဝင် ချောစာ၊ ချောထုတ် ပစ္စည်းများ၏ မူရင်းလက်ခံပြေစာ (Waybill) နှင့် အတူ တောင်းခံရမည် ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက လျော်ကြေးငွေ မပေးပါ။

(၇) Ordinary Guarantee (ရိုးရိုး အာမခံ) အတွက် ထပ်ဆောင်း ဝန်ဆောင်ခအဖြစ် ကျပ်ငါးထောင် (၅၀၀၀) ကျသင့်ပြီး စာထုပ်နှင့်ချောထုတ်ပစ္စည်း အပြည့်အဝ ၊ ပျက်စီး ဆုံးရှံူး ၊ ပျောက်ဆုံးမှုအတွက် ကျပ်ငါးသိန်း (၅၀၀,၀၀၀ိ/-) ပြန်လည် ပေးလျော်ပါမည်။ (ဤဝန်ဆောင်မှု သုံးစွဲခြင်းကြောင့် စာပိုဒ် (၅) ပါ လျော်ကြေးပေးမှု ထပ်မံ အကျုံးမဝင် မသက်ဆိုင်စေရပါ)

(၈) Special Guarantee (အထူး အာမခံ) အတွက် MGL Express နှင့် ဝန်ဆောင်မှု သုံးစွဲသူတို့အကြား သဘောတူ သတ်မှတ်ပမာဏပေါ် မူတည်၍ စာထုပ်နှင့် ချောထုတ် ပစ္စည်းများ အပြည့်အဝ ၊ ပျက်စီး ၊ ဆုံးရှူံး ၊ ပျောက်ဆုံးမှုကို ပေးလျော်ပါမည်။ (ဤဝန်ဆောင်မှု သုံးစွဲခြင်းကြောင့် စာပိုဒ် (၅) ပါ လျော်ကြေးပေးမှု ထပ်မံ အကျုံးမဝင် မသက်ဆိုင်စေရပါ)

(၉) ပစ္စည်းများ၏ထုပ်ပိုးမှုကို ပေးပို့သူမှ တာဝန်ယူရပါမည်။ ကျိုးပဲ့ကွဲရှ ယိုစိမ့်နိုင်သော ပစ္စည်းမျိုး ပေးပို့မှုအပေါ် စာပိုဒ် (၇) နှင့် စာပိုဒ် (၈) တို့၏ အာမခံ ဝန်ဆောင်မှုများဖြင့် ပေးပို့မှုကို လက်မခံပါ။ စာပိုဒ် (၅) ပါ လျော်ကြေးပေးမှု အကျုံးမဝင်ပါ။

(၁၀) အနံ့ပြင်းသော၊ စွန်းထင်းနိုင်သော ပစ္စည်းများပေးပို့ပါက ပစ္စည်းလက်ခံချိန်တွင် ကြိုတင်အသိပေးပြီး၊ စနစ်တကျ မယိုစိမ့်နိုင်အောင် ထုပ်ပိုး၍ ပေးရပါမည်။

(၁၁) စာထုပ်၊ ချောထုပ်တစ်ထုပ်အား လိပ်မူထားသောလိပ်စာသို့သာ ပေးပို့ပါမည်။ မြို့တွင်းလိပ်စာပြောင်းခဲ့လျှင် ကျပ် (၂,၀၀၀ိ/-) ထပ်မံပေးဆောင် ရမည်ဖြစ်ပြီး၊ အခြားမြို့သို့ ဆိုလျှင် ထိုမြို့မှ ကျသင့်သည့် ပမာဏကို ထပ်မံ ပေးဆောင်ရပါမည်။

(၁၂) ပြန်လည်အစားထိုး ပေးပို့၍ မရသော ချောစာ၊ ချောထုပ်များအတွက် MGL Express မှ တာဝန်ယူ၍ မရပါ။

(၁၃) စာထုပ်၊ ချောထုပ် ပေးပို့မှုအတွက် အချက်အလက်များကို လက်ခံပြေစာ (Waybill) ပေါ်တွင် မှန်ကန်စွာ ဖော်ပြရပါမည်။ လက်ခံပြေစာ (Waybill) ပေါ်တွင် လွှဲမှား၍ ဖော်ပြမှုကြောင့် ဖြစ်ပေါ်လာသော ကိစ္စအရပ်ရပ်ကို MGL Express မှ တာဝန်မယူပါ။

(၁၄) လက်ခံသူမှ ပေးချေမည့် စာထုပ်/ ချောထုပ် ပို့ခ ကျသင့်ငွေအား အကြောင်းအမျိုးမျိုးကြောင့် ရွေးယူခြင်းမရှိပါက ပေးပို့သူမှ၊ ပေးပို့ခနှင့် အခြားသော သက်ဆိုင်သည့် ကုန်ကျစရိတ်များအား ကျခံရမည်။

(၁၅) MGL Express ၏ စီမံခန့်ခွဲထိမ်းသိမ်းနိုင်မှု့ပြင်ပသို့ရောက်နေ​သောအဖြစ်အပျက်များ (သို့မဟုတ်) အခြေအနေများဖြစ်ကြသည့် မည်သည့်အစိုးရ၏ အမိန့် (သို့မဟုတ်) ထိမ်းချုပ်မှု့၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ကပ်ရောဂါ၊ သဘာဝ ဘေးအန္တရာယ်များ၊ သပိတ်မှောက်ခြင်း၊ စစ်ပွဲများ၊ အဓိကရုဏ်း၊ အရပ်ဖက်ရုန်းရင်းဆန်ခတ်မှု၊ မီးလောင်မှု၊ ပေါက်ကွဲမှု၊ ဖျက်စီးမှု စသည့်ကိစ္စရပ်များနှင့်အလားတူ ဖြစ်ရပ်များကြောင့် ဖြစ်ပေါ်နိုင်သည့် ဝန်ဆောင်မှုပျက်ကွက်ခြင်း ပေးပို့နိုင်မှုနှောင့်နှေးခြင်းနှင့် စာထုပ်ပျက်စီးပျောက်ဆုံးခြင်းများသည် MGL Express ၏ ဝန်တာနှင့်လျော်ကြေးအကြုံးဝင်စေမှု ကိစ္စရပ်များတွင်လုံးဝမပါဝင် မသက်ဆိုင်ပါ။

(၁၆) ပို့ဆောင်ခတွက်ချက်မှုအတွက် အလေးချိန်တိုင်းတာရာတွင် အလေးချိန် ချိန်တွယ်ရရှိမှု (actual weight) နှင့် အရွယ်အစားအတိုင်းအတာကြောင့် တွက်ချက်၍ ရသောအလေးချိန် (dimension weight) တို့ဖြင့် တိုင်းတာနှိုင်းယှဥ် တွက်ချက်ပြီး ပိုမိုများသည့်အလေးချိန်ကို အတည်ပြုတွက်ချက်ကောက်ခံပါမည်၊
အရွယ်အစားအတိုင်းအတာကြောင့် တွက်ချက်၍ရသော အလေးချိန် (dimension weight) တွက်ချက်သည့်ပုံသေနည်းမှာ - (အလျား × အနံ × အမြင့် ÷ ၆၀၀၀ = ကီလိုဂရမ်)
(စင်တီမီတာဖြင့်တိုင်းပါမည်)

ပေးပို့ခွင့် မပြုသော ပစ္စည်းများ - တန်ဖိုးကြီးမားသော ပစ္စည်းများ ( ဥပမာ- ရွှေ ၊ ငွေ၊ ရတနာ )၊ ငွေသားဖြင့် လဲလှယ်နိုင်သော လက်မှတ်၊ စာရွက်များ၊ ငွေစက္ကူ နှင့် ယင်းကဲ့သို့ တန်ဖိုးသဏ္ဍာန်တူသော ပစ္စည်းများ၊ မီးလောင်လွယ်သော ပစ္စည်းများ၊ ပေါက်ကွဲစေနိုင်သော ၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သော ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများနှင့် တည်ဆဲဥပဒေအရ တားမြစ်ထားသောစာများ၊ ပစ္စည်းများ၊ ပုပ်သိုးလွယ်သော ပစ္စည်းများနှင့် သက်ရှိ သတ္တဝါများ။