International & Domestic Express Courier and Logistic Services Saturday, April 27, 2024 |   ဘာသာ Language -   မြန်မာ     English  
EMAIL SUPPORT
[email protected]
HUNT LINE
09-772222900
WORKING HOURS
Mon - Sat (8:30 - 5:30)
Close Public Holidays

ကုမ္ပဏီဆိုင်ရာ အကြောင်းအရာ အချက်အလက်များ

မဂ္ဂနိုတ် ဂရု(ပ်)လောဂျစ်စတစ်ကုမ္ပဏီလိမိတတ် ကို ၂၀၀၄ခုနစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ မှတ်ပုံတင်အမှတ် (၆၄၈/၂၀၀၄-၂၀၀၅) ဖြင့်တည်ထောင်ခဲ့ပြီး၊ ယခုအခါ ဤအဖွဲ့အစည်းမှ ကျွန်ုပ်တို့၏ ဝန်ဆောင်မူ့ သုံးစွဲသူများအား အမြန်ချောပို့နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မူ့များကို ပေးလျှက်ရှိပါသည်။

မဂ္ဂနိုတ် ဂရု(ပ်)လောဂျစ်စတစ်ကုမ္ပဏီလိမိတတ် အဖွဲ့အစည်းသည် ငယ်ရွယ်သောနုပျိုပြီး အင်းအားပြည့်ဖြိုးသော လူငယ်များကို ပင်တိုင်စံပြုပြီး တည်ထောင်ထားကာ လုပ်ငန်းအတွေ့အကြုံရင့်ကျက်သူများဖြင့် ဝန်ရံထားသော တိုင်းသိပြည်သိ လုပ်ငန်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့အစည်းကို ဦးဆောင်နေသူများသည် မြန်မာနိုင်ငံနှင့် ကမ္ဘာအရပ်ရပ်တွင် ရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများကို ပေါင်းစုပြီး မိမိတို့၏ ဝန်ဆောင်မူ့ကို သုံးစွဲသူများအတွက် အကောင်းဆုံးသော၊ ပြီးပြည့်စုံသော အရည်အသွေးများဖြင့် ဆောင်ရွက်ပေးနိုင်ရန် ခေါင်းဆောင်ကောင်းနေရာမှ လုပ်ဆောင်ပေးနေသူများဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့အဖွဲ့အစည်းသည် သင်တို့အတွက် လုပ်ငန်းဝန်ဆောင်မူ့များကို ဈေးကွက်အတွင်းရှိအကောင်းဆုံး ဆောင်ရွက်ပေးနိုင်သူများ ဖြစ်ကြသည်။


အနာဂါတ်ဆိုသည်မှာ မိမိတို့လက်ထဲတွင် အမြဲတည်ရှိနေမည့် အခွင့်အလမ်းသာဖြစ်သည်

အကောင်းဆုံးသောဝန်ဆောင်မူ့နှင့် ထိုက်သင့်သည့် အမြတ်အစွန်းရှိနေမှသာလျှင် ရေတိုတွင် လုပ်ငန်းကိုအောင်မြင်စွာ ထိန်းသိမ်းထားနိုင်မည်။ သို့ပါသော်လည်း လုပ်ငန်းရေရှည်တည်တံ့မူ့အတွက် မိမိတို့ လုပ်ဖော်ကိုင်ဖက်များ အပြန်အလှန်လေးစားမူ့နှင့် သုံးစွဲသူများကိုလေးစားသမူ့ပြုနိင်ကြရန် မဖြစ်မနေ လိုအပ်သည်။


ကုမ္ပဏီ ရည်မှန်းချက်

မြန်မာနိုင်ငံ၏ထိပ်တန်း စံချိန်စံညွှန်းပြု ပြည်တွင်း၊ပြည်ပ အမြန်ချောပို့နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်စေရမည်။


လုပ်ငန်းဆိုင်ရာ ကြေငြာချက်

  • လုပ်ငန်းအောင်မြင်မှု - မိမိတို့၏ ဝန်ဆောင်မှုကို သုံးစွဲသူများ၊ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူများ၊ အကျိုးတူစီးပွားဖက်များ၏ စီးပွားတိုးတတ်စေသော အပြန်အလှန် အကျိုးပြုမှုမျိုးဖြင့် ဈေးကွက်အတွင်း၌ အကောင်းဆုံးဝန်ဆောင်မှုပေးမည်။
  • လေးစားမှုနှင့် ရလဒ် - ကျွန်ုပ်တို့သည် ရလဒ်ကို မထိခိုက်စေသောနည်းဖြင့် အပြန်အလှန် လေးစားပါမည်။
  • တာဝန်ယူမှု - ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရမည်။


လုပ်ငန်းဆိုင်ရာမဟာဗျူဟာ- အနာဂါတ်သို့မျှော်လင့်ခြင်း

(၁) လုပ်ငန်းအပ်နှံမူ့ အတွက် ရွေးချယ်ခံရခြင်း အများဆုံးသော ဝန်ဆောင်မူ့လုပ်ငန်း

(၂) တာဝန်ထမ်းဆောင်ရန် အတွက် ရွေးချယ်ခံရခြင်း အများဆုံးသော ဝန်ဆောင်မူ့လုပ်ငန်း

(၃) တန်ဖိုးထားခံရခြင်း အတွက် ရွေးချယ်ခံရခြင်း အများဆုံးသော ဝန်ဆောင်မူ့လုပ်ငန်း

(၄) လုပ်ငန်းအမျိုးအစားတူအချင်းချင်း၏ စံပြဖြစ်ပြီး၊ လုပ်ငန်းစံချိန်စံညွှန်းပြုခြင်းခံထိုက်သော ဝန်ဆောင်မူ့လုပ်ငန်း


ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များ

ဖွဲ့စည်းတည်ဆောက်ပုံလေ့ကျင့်မှု၊ စီမံခန့်ခွဲမှုသင်တန်း၊ လုပ်ငန်းခွင်ဘေးကင်းရေးသင်တန်းနှင့် အလုပ်အလှည့်ကျကဲ့သို့သော သီးခြားလူ့စွမ်းအားအရင်းအမြစ်လေ့ကျင့်ရေးအစီအစဉ်များကို လမ်းညွှန်ခြင်းဖြင့် ကျွန်ုပ်တို့၏ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုကို ဂရုစိုက်ပါသည်။ ဤကြိုးပမ်းအားထုတ်မှုများသည် တစ်ဦးချင်း အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် စီစဉ်ထားသည်။ ရလဒ်အနေဖြင့် ကျွန်ုပ်တို့အား စိတ်အားထက်သန်သော၊ အတွေ့အကြုံရှိပြီး ဖောက်သည်ဦးတည်သော ဝန်ထမ်းများ၏ အဖွဲ့တစ်ဖွဲ့မှ စီမံခန့်ခွဲပါသည်။