ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်တန်ဆောင်မုန်းလဆန်း (၁၃) ရက်နေ့ ၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ တနင်္ဂနွေနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ နန်းဦးပရဟိတကျောင်းတိုက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ရုံးခွဲပေါင်း (၂၃၀) မြို့မှလုပ်ဖော်ကိုင်ဖက်များ စုပေါင်းပါဝင်ထားသော MGL အမြန်ချောပို့ မိသားစု၏ "(၁၂)အကြိမ်မြောက်" ကထိန်သင်္ဃန်းဆက်ကပ် လှူဒါန်းခြင်း အလှူတော်ပြုလုပ်ခဲ့ပြီး အလှူတော်ငွေ စုစုပေါင်း (၁၀,၃၅၇,၀၀၀) ကျပ်တန်ဖိုးရှိ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထိုသို့စုပေါင်း၍ ဆက်ကပ်လှူဒါန်းခွင့်ရခြင်းအတွက် MGL အမြန်ချောပို့ မိသားစုမှ အထူးပင်ဝမ်းမြောက်ပီတိဖြစ်မိပါကြောင်းနှင့် နတ်လူသာဓုခေါ်နိုင်စေရန် အလို့ငှာ ယနေ့လှူဒါန်းမှုပုံရိပ်များကို မျှဝေပေးလိုက်ရပါသည်။
#MGLExpress
#မိသားစုကထိန်အလှူတော်
#fullmoonday


