MGL အမြန်ချောပို့ကို အစဉ်တစိုက်အသုံးပြုလာကြသော မိတ်ဟောင်းမိတ်သစ်များ ခင်ဗျာ...
***၂၀၂၆ ခုနှစ် ဧပြီလ (၃၀) ရက်နေ့၊ ကြာသပတေးနေ့ နှင့် ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့၊ သောကြာနေ့တို့သည် "ကဆုန်လပြည့်နေ့" နှင့် "ကမ္ဘာ့အလုပ်သမားနေ့" ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါသောကြောင့် MGL အမြန်ချောပို့သည် ပြည်တွင်းမြို့ပေါင်း (၂၃၀) အနက်
ရန်ကုန်မြို့ Times City ရုံးခွဲဖြစ်သော
လိပ်စာ - အခန်းအမှတ်(A-၃၁၂)၊ ၃ လွှာ၊ Times City Jewellery Mall
ဖုန်းနံပါတ် - 09 797 397 111
နှင့်
ယုဇနပလာဇာရုံးခွဲဖြစ်သော
လိပ်စာ - ဘီ- ၂ ၊ ၂၀၀၇ (မြေညီထပ်) ၊ ဗညားဒလလမ်း၊ ဘိုးလိန်းအောင်ရပ်ကွက်၊ တာမွေမြို့နယ် ရန်ကုန်မြို့။
ဖုန်းနံပါတ် - 09 765 658 831
တွင်ချောစာ/ချောထုပ်များ လက်ခံခြင်းဝန်ဆောင်မှု မှလွဲ၍ ကျန်ရုံးခွဲများကိုပိတ်ထားမည်ဖြစ်ပြီး အဆိုပါမြို့ရုံးခွဲတို့တွင်ချောစာ/ချောထုပ်များ လက်ခံခြင်း၊ ပေးပို့ခြင်း စသည့် ဝန်ဆောင်မှုများကို ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အပ်ပါသည်။
၂၀၂၆ ခုနှစ် မေလ (၂) ရက်နေ့ ၊ စနေနေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုံးများအားလုံး ပုံမှန်အတိုင်းပြန်လည်၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အွန်လိုင်း ရောင်းချသူများ ၊ ချောစာ / ချောထုပ်ပေးပို့သူများ အနေဖြင့် ရုံးပိတ်ရက်ကိုသတိပြု၍ ပေးပို့ကြပါရန် အထူးမေတ္တာရပ်ခံပါသည်။
ပျော်ရွှင်စရာကောင်းသော အချိန်များပိုင်ဆိုင်ရရှိနိုင်ပါစေ ....


