Category : Announcement , Date : 2026-04-07

MGL Express ကို အစဉ်တစိုက်အသုံးပြုလာကြသော မိတ်ဟောင်းမိတ်သစ်များ ခင်ဗျာ 
၂၀၂၆  ခုနှစ် ဧပြီလ(၁၁)ရက်နေ့ (စနေနေ့) မှ ၂၀၂၆ ခုနှစ် ဧပြီလ (၁၉)ရက်နေ့ (တနင်္ဂနွေနေ့) အထိ   "နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်"  အဖြစ် သတ်မှတ်ထားပါသဖြင့်   မြန်မာနိုင်ငံအနှံ့ရှိ MGL Express ရုံးခွဲ (၂၃၀) ရုံးကို ပိတ်ထားမည် ဖြစ်ပြီး ချောစာ/ချောထုပ်များ လက်ခံခြင်း၊ ပေးပို့ခြင်း စသည့် ဝန်ဆောင်မှုများကိုလည်း ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အပ်ပါသည်။

၂၀၂၆ ခုနှစ် ဧပြီလ (၁၀) ရက်နေ့ အထိ စာထုပ်များ Pick Up လက်ခံပေးမည်ဖြစ်ပါသည်။ ချောစာ/ ချောထုပ်များကို ရုံးအသီးသီးရှိ လက်ခံကောင်တာများတွင် စနစ်တကျ သိမ်းဆည်းထားပေးမည် ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ (၂၀) ရက်နေ့   (တနင်္လာနေ့) ရုံးဖွင့်ရက် မှ သာ   MGL Express ၏ ရုံးများ အားလုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်ပြီး  စတင်၍ ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ အွန်လိုင်း ရောင်းချသူများ ၊ ချောစာ / ချောထုပ်ပေးပို့သူများ အနေဖြင့် ရုံးပိတ်ရက်ကို အထူးသတိပြု၍ ပေးပို့ကြပါရန် အထူး မေတ္တာရပ်ခံပါသည်။

စိတ်သစ် ကိုယ်သစ်ဖြင့် အလုပ်အကိုင်သစ်များ၊ အခွင့်အလမ်းအသစ်များရရှိပြီး ကြံစည်သမျှအောင်မြင်နိုင်ကြပါစေ...