07
Aug
2019
MGL အမြန်ချောပို့မှ အသိပေး ကြော်ငြာခြင်း။
By, Hr Webadmin Event, Promotion & Event Comments: no comments
MGL အမြန်ချောပို့မှ အသိပေး ကြော်ငြာခြင်း။
မြန်မာနိုင်ငံ တစ်ဝှမ်း မြို့ ပေါင်း (၁၃၂) မြို့ကျော်တွင် ဖွင့်လှစ်ထားသော MGL ပြည်တွင်း/ပြည်ပ အမြန်ချောပို့ လုပ်ငန်း၏ MGL စာအိတ်၊ စာရွက် /စာတမ်း၊ ပြေစာ ၊ ဘောက်ချာ၊ MGL တံဆိပ် ( Logo ) ၊ ဆိုင်းဘုတ် အမှတ်အသားများ၊ ဖုန်းနံပါတ်များ၊ အသုံးပြု ပြီးသော MGL လက်ခံစာရွက်များ ( Waybill ) ၊ MGL နှင့် ပတ်သက်သည့် အကြောင်းအရာများအား အတု ပြုလုပ်ပြီး ၊ မသမာသူ အချို့မှလည်း စာရွက်စာတမ်း အချို့ ရယူတောင်းခံ၍ အလွဲသုံးစား ပြုလုပ် သုံးစွဲနေသည်ကို ကြားသိရပါသည်။ MGL ၏ ၀န်ဆောင်မှု ကို ထင်ယောင်ထင်မှား ဖြစ်စေရန် အောက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ လိမ်လည်မှုများ ကြားသိနေရသောကြောင့် Customer များအနေဖြင့် ဂရုပြု ဆောင်ရွက်နိုင်ပါရန် အသိပေးအပ်ပါသည်။
(၁) ။ မဟုတ်မမှန် ညံ့ဖျင်းသော ၀န်ဆောင်မှုများ
ဖြင့်သော် လည်းကောင်း ။
(၂) ။ မဲပေါက်သည်ဟု ပြောဆိုကာ ငွေလွဲခိုင်းပြီး MGL ရုံးတွင် ပစ္စည်းလာထုတ်ခိုင်း၍သော် လည်းကောင်း ။
(၃) ပစ္စည်း အစစ်မှန်များကို ပြ၍ ၀ယ်ယူသည့်အခါ အရည်အသွေးညံ့ ပစ္စည်း အတုများကို ပို့ပြီး ၊ ထိုပစ္စည်းများကို အသုံးပြုပြီး သော MGL Waybill အဟောင်းကို ပြ၍ ပေးပို့မည်ဟု ဆိုကာ ၊ ဘဏ်မှ ငွေလွဲခိုင်းပြီး တခြားနည်းဖြင့် ပို့ပေးခြင်း ။
(၄) ။ တစ်ချို့သူများသည် မိမိတို့ လက်ဝယ်တွင် ရှိသော အသုံးပြုပြီး MGL Waybill အဟောင်းများကို ပြ၍ ပစ္စည်းများ ပို့ပေး မည်ဟု ဆိုကာ ငွေများ တောင်းခံနေခြင်း ။
(၅) ။ မသက်ဆိုင်သူများမှ MGL အယောင်ဆောင်၍ MGL အမြန်ချောပို့ လုပ်ငန်း၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုမူ
ဆောင်ရွက်နေကြောင်း ကြားသိရပါသည် ။
MGL ၀န်ဆောင်မှုကို အသုံးပြုနေသော ဖောက်သည်များ ( Customers ) အနေဖြင့် သံသယ ဖြစ်စရာ ကိစ္စ တစ်စုံတစ်ရာပေါ်ပေါက် သိရှိပါက၊
ရန်ကုန် ရုံးချုပ် ဖုန်း 09 772 222 900 နှင့်
09 456 008 373 ~ 80 အထိ
ဆက်သွယ်စုံစမ်းနိုင်ပြီး ဖော်ပြပါ MGL ရုံးခွဲများသို့လည်း မေးမြန်း စုံစမ်းနိုင်ပါသည် ။
MGL ပြည်တွင်း/ပြည်ပ အမြန်ချောပို့မှ ဝန်ဆောင်မှု
မပေးသော ပစ္စည်းအရာဝတ္ထုများ။
တန်ဖိုးကြီးမားသောပစ္စည်းများ(ဥပမာ။ ။ ရွှေ၊ငွေ၊ရတနာ)
ငွေသားဖြင့်လဲလှယ်နိုင်သောလက်မှတ်/စာရွက်၊ငွေစက္ကူ
နှင့် ယင်းကဲ့သို့တန်ဖိုးသဏ္ဍာန်တူသောပစ္စည်းများ၊ မီးလောင်လွယ်/ပေါက်ကွဲစေနိုင်သောပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများ၊ တည်ဆဲဥပဒေအရတားမြစ်ထားသောစာများ/ပစ္စည်းများ၊ ပုပ်သိုးလွယ်သောပစ္စည်းများ နှင့် သက်ရှိသတ္တဝါများ
စသည်တို့ အတွက် ဝန်ဆောင်မှုမရနိုင်ပါ။
MGL လက်ခံစာရွက်(waybill)နောက်တွင် လက်ခံသယ်ယူ ပို့ဆောင် ခြင်းဆိုင်ရာ စည်းကမ်းချက်များ ပါရှိပါသည်။